The Unaccompanied Refugee Minors (URM) Program 101 - Burmese

The Unaccompanied Refugee Minors (URM) Program 101 - Burmese

အချက်အလက်စုစည်းမှု စာရွက် အဖော်မပါရှိသော အသက်မပြည့်သေးသူ ဒုက္ခသည်များ (URM) အစီအစဉ် 101

FACT SHEET

သင့်ကဲ့သို့သော အသက် 18 နှစ်နှင့်အောက်အရွယ်ဖြင့် မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူ မပါဘဲ အမေရိကန်ပြည်ထောင်စုသို့ လောလောလတ်လတ်ရောက်ရှိလာသူ၊ ဖိစီးနှိပ်စက်မှု၊ အကြမ်းဖက်မှု သို့မဟုတ် ညှဉ်းပန်းမှုကို ကြုံတွေ့ခဲ့ရသူ လူငယ်တစ်ဦးကို ဆိုလိုသည်။ သင့်အတွက် ၎င်းသည် မည်သို့ အဓိပ္ပာယ်ရကြောင်းနှင့် သင်၏ အကျုံးဝင်ပုံကို နားလည်သိရှိစေရန် သင့်အတွက် တစ်ဦးချင်း ကူညီပံ့ပိုး ပေးသော မန်နေဂျာကို မေးပါ။

URM အစီအစဉ် ဆိုသည်မှာ မည်သည်နည်း။

URM အစီအစဉ်မှာ သင်ကဲ့သို့သော လူငယ်များကို နေထိုင်ရန် ဘေးကင်းလုံခြုံမည့်နေရာ တစ်နေရာနှင့် ကျောင်းပြီးရန် သို့မဟုတ် အလုပ်ရရန်အတွက် အထောက်အကူပေးမည့် ဝန်ဆောင်မှုများ ပံ့ပိုးပေးပြီး အမှီအခိုကင်းစွာနေနိုင်သည့် လူငယ်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် တိုးတက်အောင်မြင်စေရန် ကူညီပေးသည်။ သင့်အနေဖြင့် အနည်းဆုံး အသက် 21 နှစ်မပြည့်မီအထိ အစီအစဉ်တွင် ပါဝင်နိုင်ပြီး အချို့ဝန်ဆောင်မှုများကို ထိုအရွယ်ထက်ကျော်လွန်လျှင်ပင် ဆက်လက်ပေးအပ်နိုင်သည်။

အစီအစဉ်တွင် ပါဝင်နေစဉ် ဖော်ပြပါဝန်ဆောင်မှုများကို သင် ရရှိပါမည်- 

Image of house icon

နေထိုင်ရန်နှင့် နေအိမ်အဖြစ်သတ်မှတ်ရန် ဘေးကင်းလုံခြုံသော နေရာတစ်နေရာ-သင့် ကိုယ်ပိုင်နေရာ၊ မွေးစားအိမ်ဂေဟာ သို့မဟုတ် လိုအပ်ချက်ရှိသူများ ပေါင်းစုနေထိုင်ရာ နေအိမ်

heart with pulse

ကျန်းမာရေး၊ သွားဘက်ဆိုင်ရာနှင့် စိတ်ကျန်းမာရေး စောင့်ရှောက်မှုကဲ့သို့ သင့်လျော် ကောင်းမွန်သော အုပ်ထိန်းစောင့်ရှောက်မှုကို သင် ရရှိကြောင်း သေချာစေရန် လူကြီးတစ်ဦး

ထံမှ အကူအညီ

family holding hands, running

သင့်မိသားစုကို ရှာဖွေရန်/ပြန်လည်ဆုံစည်းနိုင်ရန် အကူအညီ

Icon of hand

သင်၏ လူမျိုးနှင့် ဘာသာရေးဆိုင်ရာ မူလဝိသေသများကို ထိန်းသိမ်းထားရင်း ပတ်ဝန်းကျင်အသစ်နှင့် အသားကျစေရန် ကူညီပေးမည့် ပံ့ပိုးမှုစနစ်

Icon of someone pointing at board

အင်္ဂလိပ်ဘာသာစကား လေ့ကျင့်ရေးနှင့် သင်ယူလေ့လာရေး ကူညီပံ့ပိုးမှု

Image of briefcase

အနာဂတ်အလုပ်အကိုင်အတွက် ကြိုတင်ပြင်ဆင်ရန် လေ့ကျင့်ရေး

small circle with other circles radiating out from it

မိမိဘာသာ နေထိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှု

Icon of someone being asked question

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကူအညီ

URM အစီအစဉ်သည် သင့်အတွက် သင့်လျော်ကိုက်ညီပါသလား။

URM အစီအစဉ်ကို လျှောက်ထားရန်အတွက် ဆွေးနွေးလိုပါက သင့်အား တစ်ဦးချင်း ကူညီပံ့ပိုးပေးသော မန်နေဂျာ၊ ရှေ့နေ သို့မဟုတ် လက်တွေ့ဆေးကုသပေးသူနှင့် စကားပြောပါ

ဆက်လက်ဆောင်ရွက်ရန် အဆင့်များမှာ မည်သည်နည်း။

Image of document 1. URM အစီအစဉ်သည် သင့်အတွက် သင့်လျော်ကိုက်ညီသည်ဆိုလျှင် လျှောက်ထားမှု ပြီးစီးစေရန် သင့်အား တစ်ဦးချင်း ကူညီပံ့ပိုးပေးသော မန်နေဂျာနှင့်
အတူဆောင်ရွက်ပါ။
Icon of magnifying glass 2. သင့်လျှောက်လွှာကို ပေးပို့ပြီးပါက နေရာချထားရန် ရှာဖွေမှုဆောင်ရွက်သည် (စောင့်ဆိုင်းရမည့် အချိန်သည် ဖြစ်စဉ်နှင့် နေရာချထား၍ ရနိုင်မှုအခြေအနေအပေါ်
မူတည်သည်)။
Icon of a house 3. URM အစီအစဉ်က သင်နေထိုင်ရန် ဘေးကင်းပြီး သင့်လျော်သော နေရာတစ်နေရာ ရှာဖွေပေးသည်။
Icon of plane flying over globe 4. သင်၏ အစီအစဉ်နေရာသစ်-သင် နေအိမ်အဖြစ်သတ်မှတ်နိုင်မည့် နေရာသို့ သင် သွားရောက်သည်။
Icons of two shaking hands 5. ဝန်ဆောင်မှုများကို သင် စတင်၍ လက်ခံရရှိသည်။

 

Types:
Audiences: